ခင်ဦး ၂၅ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် သဖန်းဆိပ်ဆည်ရေကို အားပြု၍ စိုက်ပျိုးနေကြသော ဧရိယာများသည် ဆည်ရေ ဝင်ရောက်မှု အခြေအနေအရ ဆောင်းသီနှံနှင့် နွေစပါးစိုက်ပျိုးရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်းနှင့် စိုက်ပျိုးရေ လိုအပ်ချက်ကို ကုစားနိုင်ရန်အတွက် မြေအောက်အဝီစိတွင်း (၃၀၃)တွင်းကို တူးဖော် ပေးမည် ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေတွင်းများကို ခင်ဦးမြို့နယ်တွင် အလယ်ရှိုကျေးရွာအုပ်စုတွင် (၃၄) တွင်း၊ မဒေါင်းလှ ကျေးရွာ အုပ်စုတွင် (၇) တွင်၊ ရွာသစ်ကျေးရွာတွင် (၁၁၆) တွင်း၊ မကျီးတုံကျေးရွာအုပ်စုတွင်(၈) တွင်း၊ အိုင်ပေါက်ကြီး ကျေးရွာအုပ်စုတွင် (၁၀) တွင်း၊ စောကြီးအုပ်စုတွင် (၁၂) တွင်း၊ အင်တိုင်းကြီး ကျေးရွာ အုပ်စုတွင် (၁၂) တွင်း၊ ကျွန်းလည်ကျေးရွာအုပ်စုတွင် (၁၄) တွင်း၊ ကံသာယာကျေးရွာအုပ်စုတွင် (၂) တွင်း၊ ဂွေးကုန်းကျေးရွာအုပ်စုတွင် (၁၀) တွင်း၊ စည်ပုတ္တရာကျေးရွာအုပ်စုတွင် (၁၉) တွင်း၊ သံဘိုကျေးရွာ အုပ်စုတွင် (၇) တွင်း၊ တပင်ကောင်းကျေးရွာအုပ်စုတွင် (၅၂) တွင်း စုစုပေါင်း မြေအောက် အဝီစိတွင်း (၃၀၃) တွင်းကို တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)


