နေပြည်တော် နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ရာသီဥတုနှင့် လိုက်လျောညီထွေသည့် စပါးအစွမ်းဖွင့် စိုက်ပျိုးရေး(System of Rice Intensification) စိုက်ပျိုးနည်းစနစ်နှင့် ရေရှည်တည်တံ့သော စိုက်နည်းစနစ်များဆိုင်ရာသင်တန်းအား ယနေ့နံနက် ၉ နာရီအချိန်၌ ကျင်းပသည်။
သင်တန်းတွင် စိုက်ပျိုးရေး ပညာရှင် ဆရာဦးသိန်းဆု(တွဲဖက်ပါမောက္ခ-ငြိမ်း) (စိုက်ပျိုးရေး တက္ကသိုလ်) က ဆွေးနွေးပို့ချသည်။ အဆိုပါသင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး တက္ကသိုလ်ဘွဲ့ရများ အသင်းမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မုံရွာခရိုင်နှင့် ယင်းမာပင် ခရိုင်မှ စိုက်ပျိုးရေး ပညာရှင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားအသင်း အဖွဲ့များနှင့် ယင်းမာပင်ခရိုင်နှင့် မုံရွာခရိုင်မှ တောင်သူများတက်ရောက်သည်။
မောင်လူမော်


