ဖလမ်း  ၁၈  နိုဝင်ဘာ

 

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (UNCRC Day) အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

 

အဆိုပါပြိုင်ပွဲကို ဖလမ်းမြို့နယ်အဆင့် ကျင်းပခြင်းဖြစ်ပြီး အထက်တန်းအဆင့်ကို “ဆင်းရဲမှု အဆုံးသတ်ဖို့ ကလေး များ အပါအဝင် မိသားစုပတ်ဝန်းကျင်ကို စွမ်းပကားမြင့်လို့ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစို့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကို “ကျွန်ုပ်၏ အခွင့်အရေးအတွက် ကျွန်ုပ်ရပ်တည်သည်။ သင်ရော ?” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား ကျောင်းသူ (၃၂)ဦးတို့က ယှဉ်ပြိုင်ခဲ့ကြသည်။

 

ပြိုင်ပွဲတွင် ဆုရရှိသူများကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် အထိမ်းအမှတ် အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

 

ဂျွန်(ပြန်/ဆက်)