ကျိုက်လတ် ၁၇ နိုဝင်ဘာ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကျိုက်လတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပမည့် ကလေးစာပေပွဲတော်(ကျိုက်လတ်) အောင်မြင်စွာကျင်းပနိုင်ရေး အစမ်းလေ့ကျင့်နေမှုများကို ယနေ့နံနက် ၁၀ နာရီက ကျိုက်လတ်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ၌ ကျင်းပသည်။
ကလေးစာပေပွဲတော်(ကျိုက်လတ်) အစမ်းလေ့ကျင့်မှုများ ကျင်းပရာသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပွဲတော်တွင် ပါဝင်မည့် အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက်ခဲ့ကြပြီး ကဏ္ဍအလိုက် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။
ကလေးစာပေပွဲတော်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ကလေးများ ပျော်ရွှင်စွာ ပါဝင်ဆင်နွဲနိုင်မည့် ဂိမ်းကစာနည်းများအပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ ကလေးစာပေပြပွဲ၊ စာပေဟောပြောပွဲနှင့် အခြားအသိပညာပေး ပြခန်းများဖြင့် နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် ခင်းကျင်းပြသသွားမည်ဖြစ်သဖြင့် မည်သူမဆို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲနိုင်ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


