နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၄)ရပ်ကွက် (ယုဇနဥယျာဉ်မြို့တော်) ကံ့ကော်လမ်းမကြီး ဝဲယာတွင်ရောင်းချနေသည့် ကျူးကျော်ဈေးဆိုင်တန်းများအား ယုဇနဈေးသစ်ကြီးတွင် နေရာချထားပေးပြီး ရောင်းချကြရန် မြို့နယ်တာဝန်ရှိအဖွဲ့စုံဖြင့် နိုဝင်ဘာ ၁၅ ရက်က ဈေးဆိုင်တန်းများအား စာရင်းကောက်ယူခဲ့ပြီးဖြစ်သည်။

 

dsf4rtg4

 

ဒုတိယအစီအစဉ်အရ ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထား၍ မိမိတို့အစီအစဉ်ဖြင့် ဈေးဆိုင်ခန်းများ ဖျက်သိမ်းဖယ်ရှားရမည်ဖြစ်ပြီး တတိယအစီအစဉ်ဖြင့် ဒီဇင်ဘာ ၂၅ ရက်တွင် ကျူးကျော်ဈေးသည်များအားလုံး ဈေးသစ်ကြီးတွင် နေရာချထားပေးရန် ဆိုင်ခန်းများ မဲနှိုက်နေရာချထားပေးမည်ဖြစ်သည်။

သတ်မှတ်ရက်တွင် ကျူးကျော်ရောင်းချနေသည့်နေရာမှ ဖျက်သိမ်းပြောင်းရွှေ့ခြင်းမရှိသည့် ဆိုင်ခန်းကျူးကျော်ဈေးသည်များကို တည်ဆဲဥပဒေများနှင့်အညီ ဒီဇင်ဘာ ၁၆ ရက်မှစ၍ ဖျက်သိမ်းအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြို့ပြအိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အသိပေးနှိုးဆော်ထားကြောင်း သက်ဆိုင်ရာအဖွဲ့အစည်း တာဝန်ရှိသူများထံမှ သတင်းရှိသည်။

ကိုကြီးစိုး(ဆိပ်ကမ်း)