နေပြည်တော် ၁၄ နိုဝင်ဘာ
ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်သည် မြန်မာနိုင်ငံ သံနှင့် သံမဏိလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများအား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ သံနှင့် သံမဏိလုပ်ငန်းရှင်များအသင်း၏ ရည်ရွယ်ချက်များ၊ မြန်မာ-တရုတ် သံနှင့် သံမဏိလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဇုန် အကောင်အထည်ဖော် ဆောင်မှုအခြေအနေနှင့် သံနှင့် သံမဏိအခြေပြု စက်မှုဇုန်စီမံကိန်းနှင့် စပ်လျဉ်းသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကို ဆွေးနွေးကြသည်။
သတင်းစဉ်


