ကျိုက်မရော    ၇      နိုဝင်ဘာ     

 

မော်လမြိုင် ခရိုင် ကျိုက်မရောမြို့နယ် လုံးဆိုင်ရာဇေတဝန်ကျောင်းတိုက်ကြီး၏ (၇၇ )ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူလှည့်လည် ပူဇော်ပွဲကိုတန်ဆောင်မုန်းလဆန်း ၁၀ ရက် ယမန်နေ့ညနေ ၅ နာရီတွင် ကျိုက်မရောမြို့အတွင်းသို့ ဒေသစာရီ လှည့်လည် ပူဇော်ခဲ့သည်ရှေးဉီးစွာ ဘုရား စေတီပေါင်း (၂၈) ဆူအား အများပြည်သူဖူးမြော်ကြည်ညို သဒ္ဓါပွားများနိုင်စေရန် စီတန်း လှည့်လည်ပူဇော်ခံပြီး ၄င်းနောက်မှကျိုက်မရော မြို့သူ မြို့သား လှပျိုဖြူလေးများက ကွန်းတောင် ပန်းတောင်များ ကိုင်ဆောင်၍ စီတန်းလှည့်လည်ကာ တစ်မြို့လုံးသို့ ပူဇော်ခံပေးခဲ့သည်။

 

၂

 

 ယခုကျင်းပပြုလုပ်သော ကျိုက်မရောမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဒေသစာရီ လှည့်လည် ပူဇော်ပွဲကို မွန်တိုင်းရင်းသားများ၏ရိုးရာ ဓလေ့အတိုင်း နှစ်စဉ်တန်ဆောင်မုန်းလဆန်း(၁၀) ရက်နေ့တွင် ကျင်းပလာခဲ့ရာ (၇၇)ကြိမ် ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း ပူဇော်ပွဲကျင်းပရေး အဖွဲ့မှ တာဝန်ရှိသူကပြောသည်    ယနေ့ညပိုင်းတွင် နှစ်ကျိပ်ရှစ်ဆူ ပူဇော်ပွဲ အထိမ်းအမှတ် အဖြင့် ဟိန်းဇာနည် ဇာတ်ပွဲဖြင့် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ချိုမြတ်မြတ်ထွေး (  ကျိုက်မရော  )