မိုးနဲ ၆ နိုဝင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်မြို့နယ်လုံးဆိုင်ရာ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းက ကြီးမှူး၍ ရှမ်းတိုင်းရင်းသားများ၏ ၂၁၁၄ ခုနှစ် ရိုးရာနှစ်သစ်ကူး ပွဲတော်ကို နိုဝင်ဘာ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ နားခံကျေးရွာ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပရာကွင်း၌ ရိုးရာ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပွဲတော်ရက်များအတွင်း ပညာပေးဇာတ်လမ်းတို ၊အားကစားပြိုင်ပွဲ ၊ရိုးရာအသုံး အဆောင် ပစ္စည်းပြပွဲ ၊ဝါးလက်မှုပညာပြပွဲ ၊သိုင်းအက ၊တိုးနရားအက ၊ကိန္နရီအက ၊ရိုးရာ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု ၊မောင်မယ်များ၏ အဆိုအကများအပြင် မိုးနဲမြို့အလှရှုခင်းများ ဓာတ်ပုံပြိုင်ပွဲကို လည်းထည့်သွင်းကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံပြိုင်ပွဲတွင် ဓာတ်ပုံအရွယ်အစား A4 ဆိုဒ်ဖြင့် ‌‌ပေပို့ပြိုင်ပွဲဝင်ရမည်ဖြစ်ပြီး ကင်မရာ ၊ဖုန်း နှစ်မျိုးလုံးနှင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့်ရှိပြီး ကင်မရာဖြင့်ရိုက်ကူထားသော အလှရှုခင်း ပုံများအတွက် ပထမဆု ကျပ်တစ်သိန်း ၊ဒုတိယဆု ကျပ် ရှစ်သောင်း ၊တတိယဆု ကျပ် ငါး သောင်းနှင့် နှစ်သိမ့်ဆု သုံးဆုအတွက် ကျပ်နှစ်သောင်းစီကို လည်းကောင်း ၊ဖုန်းဖြင့်ရိုက်ကူး ထားသော အလှရှုခင်းပုံများအတွက် ပထမဆု ကျပ်ရှစ်သောင်း ၊ဒုတိယဆု ကျပ် ငါးသောင်း ၊တတိယဆု ကျပ် သုံးသောင်းနှင့် နှစ်သိမ့်ဆု သုံးဆုအတွက် ကျပ်တစ်သောင်းစီ ချီးမြှင့်ပေး သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အလှရှုခင်း ဓာတ်ပုံများအား နိုဝင်ဘာ ၂၀ ရက်နေ့ နောက်ဆုံး ထား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ရုံးချိန်အတွင်း ပေးပို့ယှဉ်ပြိုင် သွားရမည် ဖြစ်ကြောင်း ဓာတ်ပုံပြိုင်ပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)