နေပြည်တော်  ၃၁   အောက်တိုဘာ 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဒိန်းမတ်ပါလီမန်၊ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ Mr. Henrik Thorup Gamst နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များ၊ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ ဆောင်ရွက်နေသည့်စီမံကိန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းများ၊ ဥပဒေအထောက်အကူပေးရေးဆိုင်ရာကိစ္စရပ်များ၊ ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၁ ရက်က ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့အကြား လက်မှတ်ရေးထိုးခဲ့ သည့် တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးတိုးမြှင့်ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ အရ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)