ရန်ကုန် ၂၂ အောက်တိုဘာ
လုပ်ငန်းခွင်တွင် နို့တိုက်မိခင်တို့၏ နို့ရည်များကို အလုပ်ချိန်အတွင်း ထုတ်ယူသိမ်းဆည်းနိုင်ရန် Rowe နှင့် River View တွင် အပူချိန်ထိန်းသိမ်းပေးသော Thermal Box များပါဝင်သည့် အခန်းများတပ်ဆင်ပေးမှုကို ဧရာဝတီဘဏ်နှင့် Unicef တို့ပူးပေါင်း၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအား အောက်တိုဘာ ၂၂ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ဧရာဝတီဘဏ်ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးငယ်များ ရှင်သန်ကြီးထွားရာတွင် မရှိမဖြစ်လိုအပ်သော မိခင်နို့ရည်အား လုပ်ငန်းခွင်အတွင်း ဝင်ရောက်သော မိခင်များအနေဖြင့် မိမိတို့၏ကလေးငယ်များအတွက် အဆင်ပြေချောမွေ့စွာ တိုက်ကျွေးနိုင်ရန် မိခင်နို့ရည်ကို ထိန်းသိမ်းခြင်းအား မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ဧရာ၀တီဘဏ်တွင် စတင်ဆောင်ရွင်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ လုပ်ငန်းခွင်တွင် အမျိုးသားများထက် အမျိုးသမီးဦးရေ ပိုများသောကြောင့် တာ၀န်ထမ်းဆောင်နေစဉ် နို့စို့အရွယ်ကလေးများအား နို့တိုက်ကျွေးရန် နို့ရည်ထုတ်ယူနိုင်သောအခန်း လိုအပ်သည့်အပြင် ထုတ်ယူပြီးသောနို့ရည်အား ပြန်လည် တိက်ကျွေးနိုင်ရန် သိမ်းဆည်းပေးမည့် အပူချိန်ကို ထိန်းသိမ်းပေးသည့် Thermal Box များ ပါဝင်သော အခန်းများ လိုအပ်သောကြောင့် ရန်ကုန်မြို့၌ ပထမဆုံးအကြိမ်အဖြစ် ဧရာဝတီဘဏ်တွင် အခန်းများတပ်ဆင်နိုင်ရန် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့်အတူ ဧရာဝတီဘဏ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-သန်းထိုက်


