နေပြည်တော် ၂၂ အောက်တိုဘာ
ဂွမြို့နယ်၌ ဘဝင်ကျေးရွာအနီးတွင် အောက်တိုဘာ ၂၁ ရက်က တောဆင်ရိုင်း ၂ ကောင် ဝင်ရောက်ဖျက်ဆီး၍ လယ်စောင့်တဲ ၃ လုံး ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဘဝင်ကျေးရွာအနီး ဒေသအခေါ်(တောင်ပိန်း)၌ အောက်တိုဘာ ၂၁ ရက် နံနက် ၁ နာရီတွင် တောဆင်ရိုင်း(၂)ကောင်သည် လယ်ကွင်းအတွင်း ဆောက်လုပ်ထားသည့် လယ်စောင့်တဲများအား ဝင်ရောက်ဖျက်ဆီးခဲ့ရာ ဘဝင်ကျေးရွာနေ ဦးထွန်းထွန်းနိုင်ပါ (၃) ဦးတို့၏ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း လယ်စောင့်တဲ(၃)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် နံနက် ၆ နာရီတွင် အဆိုပါ တောဆင်ရိုင်း ၂ ကောင်မှာ ကြွေချိုင်ကျေးရွာနှင့် တိုင်ကြိုးကျေးရွာကြားရှိ တောင်ကြောဘက်သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
MDN


