နေပြည်တော် ၂၂ အောက်တိုဘာ
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများနှင့် မြေပြိုများကြောင့် ဘေးသင့်ဒေသများတွင် လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ဦးအောင်သန်း + ဒေါ်ဌေးဌေး၊ သားဒေါက်တာစည်သူအောင်နှင့် သမီးများ (စွမ်းအားရာထူးဝင်ခွင့်သင်တန်းနှင့် အင်္ဂလိပ်စာသင်တန်း) မိသားစုတို့က ငွေကျပ် ၁၀ သိန်း၊ ဒေါက်တာစည်သူအောင်နှင့် တပည့်များ (စွမ်းအားရာထူးဝင်ခွင့်သင်တန်းနှင့် အင်္ဂလိပ်စာသင်တန်း၊ ပျဉ်းမနား) တို့က ငွေကျပ် ၂၀၂၂၀၀၀ တို့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အလှူငွေများကိုလက်ခံပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


