နေပြည်တော် ၂၁ အောက်တိုဘာ
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးစိုးအောင်သည် ယနေ့နံနက်ပိုင်း တွင် ဗန်းမော်မြို့ရှိ နှစ်(၂၀ဝ၀) နှစ်ခြင်းတိုက်ပွဲရှောင်စခန်း၌ တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မူလနေရပ်ကျေးရွာများသို့ ဂုဏ်သိက္ခာရှိရှိ လုံခြုံစွာဖြင့် ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေး နေမှုများ၊ လက်တလောဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ ရေတို/ရေရှည် စီမံချက်ချမှတ် ဆောင်ရွက်ရ မည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များနှင့် အခက်အခဲများကို မေးမြန်းဆွေးနွေးသည်။
ထို့နောက် ဗန်းမော်မြို့နယ်အတွင်းရှိ လီဆူ၊ နှစ်(၂၀ဝ၀)၊ ရောဘတ်၊ ထွယ်ဆန်၊ နှစ်ခြင်း (မူရင်း)နှင့် ဖန်ခါးကုန်း တိုက်ပွဲရှောင်စခန်းများရှိ အိမ်ထောင်စု ၁၁၇၂ စုမှ လူဉီးရေ ၆၇၅၈ ဦး အတွက် ရိက္ခာဖိုးငွေကျပ် ၆၀၈၂၂၀ဝ၊ မွေးကင်းစကလေးငယ် ၃၄ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ် ၁၀၂ဝဝဝဝ ကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက စခန်းတာဝန်ခံများထံ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မိုးမောက်မြို့ RC Camp ရှိ တိုက်ပွဲရှောင်ပြည်သူများ နှင့်တွေ့ဆုံပြီး စခန်းအတွင်းနေထိုင်မှုနှင့် လိုအပ်ချက်များ၊ မိမိတို့၏ဆန္ဒနှင့်အညီ ဂုဏ်သိက္ခာ ရှိစွာဖြင့် မူလနေရပ်များသို့ ပြန်လည်အခြေချနေထိုင်ရေးများကို ညှိနှိုင်းဆွေးနွေးပြီး RC ၊ နှစ်ခြင်းနှင့် မန္တလေးကျောင်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၆၆၇ စု၊ လူဦးရေ ၃၂၂၇ ဦးအတွက် ငွေကျပ် ၂၉၀၄၃ဝဝ ၊ မွေးကင်းစကလေးငယ် ၁၆ ဉီး၊ ကိုယ်ဝန်ဆောင်မိခင် ၉ ဦး နှင့် သက်ကြီးဘိုးဘွား ၁၁ ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ် ၁၀၈ဝဝဝဝ ကို စခန်းတာဝန်ခံများထံ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည် နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်မည့် ဦးစားပေးနေရာများရွေးချယ်၍ ပြောင်းရွှေ့ပေးရေးသည် ပထမဦးစားပေးဖြစ်ပါကြောင်း၊ အခြေခံလိုအပ်ချက်များဖြစ်သည့် နေအိမ်များဆောက်လုပ်ပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ မိုင်းရှင်းလင်းရေး၊ လယ်ယာမြေများ ပြန်လည်ဖော်ထုတ် ပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ပေးရေးတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဉီးစိုးအောင်က ပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးအတွက် ၄င်းတို့၏ ဆန္ဒကို သိရှိနိုင်ရန်အတွက် နေရပ်ပြန်ပြီးသူများ၏ ကျေးရွာများနှင့် တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများကို တွေ့ဆုံခဲ့ကြောင်း၊ ၄င်းတို့၏ တင်ပြချက်အရ လုံခြုံရေး၊ နေအိမ်ဆောက်လုပ် ပေးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး စသည်တို့ကို ဆက်လက်ကူညီပံ့ပိုးသွားမည့်အပြင် UN/INGO ၊ Red Cross Movement တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကချင်တိုက်ပွဲရှောင်များ နေရပ်ပြန်ရေးကူညီဆောင်ရွက်ပေးနိုင်ရန် ကချင် ဘာသာရေး ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော Kachin Humanitarian Concern Committee (KHCC)မှ ဖာသာရ်နောဧနော်လတ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ UNOCHA ၊ UNHCR နှင့် ICRC တို့မှ ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
(သတင်းစဉ်)


