ထားဝယ်ခရိုင်အတွင်းရှိ ရှင်ကိုးရှင်ဘုရားများနှင့် အထင်ကရဘုရားများတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်းကားလျက်ရှိ

ထားဝယ် ၁၂ အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီးသည် မွန်ပြည်နယ်၏ တောင်ပိုင်း၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်တည်ရှိပြီး တောင်ဘက်တွင် ပါချန်မြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံ တည်ရှိသည်။

 

ထို့နောက် ထားဝယ်ခရိုင်အတွင်းရှိ ရှင်ကိုးရှင်ဘုရားများ၊ ထားဝယ်မြို့ကျက်သရေဆောင် ရွှေတောင်စားစေတီတော် မြတ်ကြီးတို့တွင် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းမှစ၍ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများ အပါအဝင် အနယ်နယ် အရပ်ရပ် ဘုရားဖူးလာသူများက ပန်း၊ ရေချမ်း၊ ဆီးမီးများ ကပ်လှူပူဇော်ကြသည်။ ထို့ပြင် ဘုရားဖူးလာ ပြည်သူများက အဓိဌာန် ပုတီးစိပ်ခြင်း၊ ဂုဏ်တော်များနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းများ ပြုလုပ်ကြသည်။

 

7

 

ရပ်နီးရပ်ဝေးမှ ခရီးသွားလာဘုရားဖူးသူများ ယခင်နှစ်ကထက် ယခုနှစ်မှာ ဘုရားဖူးသူများတယ်။ ရုံးပိတ်ရက်ရှည် ဖြစ်သောကြောင့် ဘုရားဖူးလာရောက်သူများ မိသားစုအလိုက် အိမ်စီးကားများဖြင့် ဖူးမြော်သူကများတယ်။ ထားဝယ်ခရိုင်မှာဆိုရင် သမိုင်းဝင် ရှင်ကိုးရှင်ဘုရားများမှာ အဓိဌာန်ဖြင့် လာရောက်ဖူးမြော်ကြည်ညိုသူများလည်း ရှိတယ်။ ယခုမှ ဘုရားဖူးကာလရာသီအစ ဖြစ်သောကြောင့် နိုင်ငံခြားခရီးသွား ဧည့်သည်များ အနည်းငယ်သာ လာရောက်ဖူးမြော်တယ် ဟု သမိုင်းဝင်ရှင်ဉသြဘုရား ဂေါပကဉက္ကဋ္ဌ ဦးရွှေကောင်းက ပြောသည်။

 

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ စိတ်ဝင်စားဖွယ် သမိုင်းကြောင်းများ၊ သမိုင်းဝင်ရှင်ကိုးရှင် ဘုရားများ၊ ဘုရား၊ ပုထိုး၊ စေတီများတွင် ဘုရားဖူးလာ ပရိတ်သတ်များဖြင့် ထင်ရှားကျော်ကြားလျက်ရှိသည်။ အပန်းဖြေနားနေစရာအဖြစ် မောင်းမကန်ကမ်းခြေအပါအဝင် ကမ်းခြေများ၌လည်း စည်းကားလျက်ရှိသည်။

 

65

 

ရုံးပိတ်ရက်သည် အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်ထိ (၅)ရက်ဖြစ်သည့်အတွက် ထားဝယ်ခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ မိသားစုအလိုက် မြန်မာပြည်တစ်ဝှမ်းရှိ စေတီပုထိုးများ၊ အပန်းဖြေနေရာများကို သွားရောက်လည်ပတ်ကြသည်။ အချို့ကလည်း မိမိတို့ကြိုတင်စီစဉ်ထားသော ရပ်နီးရပ်ဝေး ဘုရားဖူး ခရီးစဉ်များ၊ အပန်းဖြေ ခရီးထွက်ခြင်းများ၊ ဒေသန္တရ ဗဟုသုတများကို ရှာဖွေကြကြောင်း သိရသည်။

 

(ထားဝယ်ခရိုင် ပြန်/ဆက်)