နေပြည်တော် ၁၀ အောက်တိုဘာ

           

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး အခြေခံ သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲကို ယနေ့တွင် ရန်ကုန်မြို့ရှိ အဆိုပါကော်မရှင်ရုံး ၌ ကျင်းပသည်။

           

သင်တန်းဆင်းပွဲတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒုတိယဉက္ကဋ္ဌ ဦးစစ်မြိုင်နှင့် အဖွဲ့ဝင်များက သင်တန်း၌ ဆုရရှိကြသူများနှင့် သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ကြသည်။

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး အသိပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန် ရည်ရွယ်ပြီး ၂၀၁၉ ခုနှစ်အတွင်း လူ့အခွင့်အရေး အခြေခံသင်တန်း(၄)ကြိမ်၊ လူ့အခွင့်အရေး အဆင့်မြင့်သင်တန်းနှင့် လူ့အခွင့်အရေး ပညာပေးသူများသင်တန်းတို့ကို တစ်ကြိမ်စီ ဖွင့်လှစ်ခဲ့ပြီး သင်တန်းများ ဆက်လက်ဖွင့်လှစ်သွားရန်လည်းရှိကြောင်း သိရသည်။

 

(သတင်းစဉ်)