တီးတိန် ၄ အောက်တိုဘာ
ချင်းပြည်နယ် တီးတိန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနှင့် Japan International Co-oparation Service (JICS)တို့ပူးပေါင်း၍ ကျေးရွာ(၃)ရွာ၌ ဆိုလာမီးလင်းရေးဆောင်ရွက်လျက်ရှိရာ လိုင်လွီးကျေးရွာတွင်၂၀၁၇ ခုနှစ်က ဆောင်ရွက်ခဲ့သော ဆိုလာမီးလင်းရေးလုပ်ငန်းအား ၂၀၁၉ ခု မိုးရာသီအတွင်း သဘာဝဘေးဒဏ်မိုးကြိုးပစ်လျှပ်စီးလိုက်ခြင်းကြောင့် ပျက်စီးမှုအား ယမန်နေ့က တီးတိန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုလာမီးလင်းရေးလုပ်ငန်းသည် Solar Station System ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဓာတ်အားဖြန့်ဖြူးမှုစနစ်အသုံးပြု ခြင်းဖြစ်သည်။ကျေးရွာမီးလင်းရေး ကော်မတီမှ ဦးစီးဦးဆောင်၍ ကျွမ်းကျင်လုပ်သားငှါးရမ်းပြီး မီးဗို့အား ၈ ကီလိုဝပ်ဖြင့် ကျေးရွာ အိမ်ခြေ ၁၃၅ အတွက် ဖြန့်ဝေပြီး ယနေ့မှစ၍ မီးပြန်လင်းနေပြီဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


