မိုးညှင်း ၄ အောက်တိုဘာ
ကချင်ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့၊ မိုးညှင်းမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂၀၁၈/၂၀၁၉ ဘဏ္ဍာရေးနှစ် လုပ်ငန်းကဏ္ဍကြီး(၅)ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးကို အောက်တိုဘာလ ၄ ရက်နေ့နံနက် ၉ နာရီအချိန်က မိုးညှင်းမြို့နယ် မီးစုရပ်ကွက်ရှိ စိမ်းလဲ့ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မိုးညှင်းမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ကြီး ဘိုလယ်(ငြိမ်း)မှ အဖွင့်အမှာစကားဟြေကြားပြီး နှစ်ပတ်လည်အစီရင်ခံစာအား တပ်ကြပ်အေးသွင်(ငြိမ်း)မှ ရှင်းလင်းဖတ်ကြားကာ ဒုတပ်ကြပ်ဋ္ဌေးလွင်(ငြိမ်း)မှ နှစ်ပတ်လည် အစီရင်ခံစာအား ထောက်ခံဆွေးနွေးခဲ့သည်။
ဆက်လက်၍ ၂၀၁၈/၂၀၁၉ ခုနှစ် ဘဏ္ဍာရေး ရှင်းတမ်းအား တပ်ကြပ်စိန်ကို(ငြိမ်း)မှ ရှင်းလင်းဖတ်ကြားပြီး အဆိုပါ ဘဏ္ဍာရေးရှင်းတမ်းအား တပ်ကြပ်ကြီးသိန်းဝင်း(ငြိမ်း)မှ ထောက်ခံဆွေးနွေးခဲ့ကာ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းအား အခမ်းအနားသို့ တက်ရောက်လာကြသူများမှ အတည်ပြုခဲ့ကြသည်။
ထို့နောက် မိုးညှင်းမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့အမှုဆောင်အဖွဲ့အား အသစ်ပြန်လည်ရွေးချယ်ဖွဲ့ စည်းခဲ့ပြီး အခြေခံပညာမူလတန်း အလယ်တန်း အထက်တန်းနှင့် တက္ကသိုလ်များတွင် ပညာသင်ကြားနေကြသော မိုးညှင်းမြို့နယ်စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင်ထောက်ပံ့စရိတ်များ ပေးအပ်ခဲ့သည်။
အစီအစဉ်အရ မိုးညှင်းမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ခြင်း အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကာ ကချင်ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးအုန်းသွင်(ငြိမ်း)မှ မိုးညှင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းအပေါ် အကြံပြုဆွေးနွေးကာ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ သစ်ဗိုလ်ကြီးဘိုလယ်(ငြိမ်း)မှ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။
ချွန်တွန်း


