အောင်လံ ၂၉ စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌  ကြွပ်ကြွပ်အိပ်သုံးစွဲမှုလျှော့ချရေးနှင့် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ    အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများကို စက်တင်ဘာ ၂၉ ရက်  နံနက် (၁၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြနန္ဒာဈေးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဈေးကော်မတီတို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်းဖြစ်ပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူး(ဈေး)ဦးမျိုးဝင်းနှင့် ဒုဦးစီးမှူး(သန့်) ဦးသက်လွင်တို့က  ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး၊ ကြွပ်ကြွပ်အိတ်တွင်ပါဝင်သော ဓာတုဓာတ်ပေါင်းများ၏ နှစ်ပေါင်းထောင်ချီ၍ မပျက်စီးစေဘဲ အဆိပ်သင့်စေသော အန္တရာယ်များအကြောင်းကို ရှင်းလင်းပြောကြားကာ၊ စားသုံးသူရေးရာ ဦးစီးဌာနမြို့နယ် တာဝန်ခံဦးကျော်မျိုးမင်းက  စားသုံးဆီအရောင်းဆိုင်များ ဆီအမျိုးအစားအလိုက် ကုန်ပစ္စည်းအညွှန်းများကပ်၍ ရောင်းချစေရေး     ပညာပေးဆွေးနွေးပြီး ကြွပ်ကြွပ်အိတ်၏ အန္တရာယ်နှင့် စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၈)- ပုဒ်မ()ခု    ပါဝင်သော လက်ကမ်းစာစောင်များကို ဝေငှခဲ့ကြောင်း သိရသည်။

 

သိန်းလွင်(အောင်လံ)