ကျောက်ပန်းတောင်း  ၂၈   စက်တင်ဘာ


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ညောင်ဦးခရိုင်လူငယ်ရေးရာကော်မတီမှ လူငယ်ရေးရာမူ ဝါဒဆိုင်ရာများထပ်ဆင့်ရှင်းလင်းပွဲကို  ယနေ့၊ နံနက် ၉ နာရီခွဲက မြို့နယ်အားကစားခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုက လူငယ်ရေးရာမူဝါဒထပ် ဆင့်ရှင်းလင်းပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်က ခရိုင်လူငယ်ရေးရာကော်မတီဖွဲ့စည်းထားရှိမှုအခြေအနေနှင့် လူငယ်မူဝါဒများနှင့်အညီပြည်သူ့အ ကျိုးပြုလုပ်ငန်းများဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ေ

 

ဆက်လက်၍ ညောင်ဦးခရိုင်လူငယ်ရေး ရာကော်မတီအတွင်းရေးမှူး ဦးချစ်မင်းနှင့်ခရိုင်လူငယ် အဖွဲ့ဝင်များဖြစ်ကြသော ကိုဆန်းလင်းအောင်(ခ)ကိုလင်းလင်း၊ ကိုဇော်မျိုး၊ ကိုကိုမြင့်(ခ)ကိုဘိုဖြူ၊ ကိုသန့်ဇင်(ခ)ကိုဖိုးချမ်းနှင့် မအိအိလွင်၊ မခင်နှင်းအိ၊ မချိုဝေလွင်၊ ကိုစိုင်းကျော်လင်းတို့က မိတ်ဆက် စကားပြောကြား၍ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နံနက် ၁၁ နာရီခွဲတွင် ရုပ်သိမ်းလိုက်သည်။


အဆိုပါ လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ညောင်ဦးခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်တင်တင်စိန်နှင့် တာဝန်ရှိသူများ၊ ညောင်ဦးခရိုင်လူငယ်ရေးရာကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ စုစုပေါင်း အင်အား ၁၃၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နေအောင်(ပြန်/ဆက်)