ပူတာအို    ၂၈   စက်တင်ဘာ    

ကချင်ပြည်နယ် ၊ ပူတာအိုမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနစ်စက်ဝန်း)ရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းနင့် မြစိမ်းရောင်ကျေးရွာကော်မတီ သက်တမ်း သုံးနစ်ပြည့်မြောက်ပြီဖြစ်၍ ကော်မတီအသစ်အား ကျေးရွာမွ အများသဘောတူမဲဆန္ဒဖြင့်ရွေးချယ်တင်မြှောက်ခြင်းကို စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်း၌ ဆောင်ရွက်ခဲ့သည်။

 

ေ

 

အဆိုပါ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနစ်စက်ဝန်း)ရန်ပုံငွေကျပ်သန်းပေါင်း(၈၈၃၈၉၀ဝ)ဖြင့် ဇီးအွန် ကျေးရွာအုပ်စု ၊ အင်ရိုဘော့ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရွာတွင်းသဲကျောက်လမ်းခင်း ခြင်းနှင့် ကွန်ကရစ်ရေပြွန်တည်ဆောက်ခြင်း လုပ်ငန်းများကွင်းဆင်းစစ်ဆေးခဲ့ပြီး နေ့လည်ပိုင်းတွင် လန်းတောင် ကျေးရွာအုပ်စု ၊ မာမိန်ရွီးဒီကျေးရွာ မြစိမ်းရောင် စီမံကိန်းကော်မတီ သက်တမ်းသုံးနစ်ပြည့်မြောက်ပြီဖြစ်၍ ကော်မတီအသစ်အားကျေးရွာလူထု အများသဘောတူ မဲဆန္ဒနှင့်ရွေးချယ်ခြင်းများ ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

ယင်းလုပ်ငန်းများကို မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် ဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်းရုံးမွ ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်ဦးစီးမွဴးက ဆောင်ရွက်ပြီးသော လုပ်ငန်းများအား ပိုင်ရွင်စိတ်ဓါတ် မွေးမြူပြီး ထိန်းသိမ်းစောင့်ရွောက်သွားရန် ၊ အကျိုးရွိစွာ အသုံးပြုသွားရန် မြစိမ်းရောင်စီမံကိန်းအား ရေရှည်ထိန်းသိမ်းစောင့်ရွောက်နိုင်ရေးအတွက် လက်စွဲစာစောင်ပါ ညွှန်ကြားချက်များ အတိုင်းလိုက်နာဆောင်ရွက် ရေး ၊ ကျေးလက်ဦးစီးဌာနက ကျေးလက်ဒေ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများကို ရွင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
                        

ဖုန်ကန်(ပူတာအို)