နတ်မောက် ၂၈ စက်တင်ဘာ
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာ ကွယ်ရေး၊ မြေငလျင်လှုပ်ခတ်မှု အန္တရာယ်အသိပညာပေးဟောပြောပွဲနှင့်လက်တွေ့သရုပ် ပြသခြင်းကို စက်တင်ဘာ၂၈ ရက် နံနက် ၁၀ နာရီက နတ်မောက်မြို့ မြို့မရပ်ကွက်ရှိရွှေတောင် ပံဘော်ဒါကျောင်း၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိဦးဌေးမော်၊ဒု-မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် ဦးသူရတို့က မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်း အကြောင်းအရင်းများနှင့် ဆောင်ရန်ရှောင်ရန်များ၊ မီးငြှိမ်းသတ်နည်းစနစ်များ အသိပညာပေးခြင်း၊ ငလျင်လှုပ်ပါက အသက်အန္တရာယ်ကင်းဝေးစေရန် လိုက်နာရန်အချက်များ၊ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်း များကိုအသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက်မြို့နယ်မီးသတ်ဦးစီးအရာရှိ၊ ဒု-မီးသတ်ဦးစီးမှူးများနှင့်ရှာဖွေကူညီးကယ် ဆယ်ရေးတပ်ဖွဲဝင်များက ရွှေတောင်ပံဘော်ဒါကျောင်းဝန်းအတွင်း ငလျင်ဖြစ်ပွားနေစဉ် လိုက်နာရမည့်ပုံစံများ၊ အရေးပေါ်အသက်ကယ်ရှေ့ဦးပြုစုခြင်းများ၊ ငလျင်လုပ်ပြီးချိန်တွင် ဆောင်ရွက်ရမည့်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းနှင့် အရေးပေါ်ယာဉ်ဖြင့် ပို့ဆောင်ကူညီမှုများ ကိုလက်တွေ့ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းနှင့် မီးသတ်တပ်ဖွဲဝင်များကကျောင်းသား /ကျောင်းသူများပါဝင်၍ ဆီမီးလောင်ကျွမ်းခြင်းများကိုရေစိုအဝတ်ဖြင့်မီးငြှိမ်းသတ်ခြင်း၊မီးသတ်ဆေး ဘူးဖြင့်လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ကိုလက်တွေ့ပြသဆောင်ရွက်ခဲ့သည်။အဆိုပါအသိပ ညာပေးခြင်းသို့မြို့နယ် မီးသတ်ဦးစီးအရာရှိနှင့်မီးသတ်တပ်ဖွဲဝင်များကျောင်းသား/ကျောင်းသူများ စု စုပေါင်း ၁၀၃ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း(နတ်မောက်)


