နေပြည်တော် ၂၇ စက်တင်ဘာ

           

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် World Vision International Myanmar မှ တာဝန်ရှိသူများသည် ယနေ့တွင် နေပြည်တော်ရှိ ဝန်ကြီးဌာနရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။

           

တွေ့ဆုံစဉ် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိရေး၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု အလွဲသုံးစားပြုလုပ်မှုများမှ တားဆီးကာကွယ်ရေး၊ လမ်းပေါ်နေကလေးသူငယ်များ ပြန်လည်ထူထောင်ရေး၊ လူကုန်ကူးမှုများ မဖြစ်ပွားစေရန် တားဆီးကာကွယ်ရေးနယ်ပယ်များတွင် World Vision အဖွဲ့အစည်းနှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှု စာချွန်လွှာရေးထိုးဆောင်ရွက်နိုင်မည့် အခြေအနေများ၊ UEHRD ၏ လူငယ်လုပ်အားပေးအစီအစဉ်များတွင် World Vision နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင် လမ်းပေါ်နေကလေးသူငယ်များအား ကူညီထောက်ပံ့ပေးနိုင်ရေး၊ ပြန်လည်ထူထောင်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ သင်ကြားပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ လူကုန်ကူးခံရသူများ၏ မိသားစုများအတွက် အသေးစားချေး ငွေစနစ်အား World Vision နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

သတင်းစဉ်