နေပြည်တော် ၂၇ စက်တင်ဘာ

           

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့်ရရှိသော ကလေးသူငယ်များအား ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးဆိုင်ရာ ဝန်ကြီးဌာနများ၏ နည်းပညာလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပသည်။

           

အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

           

အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့နှင့် UNICEF, Save the Children၊ ရတနာ့မေတ္တာအဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်