နေပြည်တော် ၂၇ စက်တင်ဘာ

 

(၈)ကြိမ်မြောက် ငွေကျပ် ၁၀ဝ၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို လာမည့် အောက်တိုဘာ ၁ ရက်တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲတည်ရှိရာ ထီဖွင့်ပွဲခန်းမဆောင်၌ နံနက် ၈ နာရီမှ စတင်၍ တစ်ရက်တည်းအပြီး ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ထီဖွင့်ပွဲတွင် "က" အက္ခရာမှ "အ" အက္ခရာအထိ၊ "ကက" အက္ခရာမှ "ကစ" အက္ခရာအထိ အက္ခရာလုံးရေ စုစုပေါင်း(၃၉)လုံးဖြစ်ကာ ထီစာအုပ် စုစုပေါင်း ၃၁၉၀၉၀၂ အုပ်ကို ထုတ်ဝေရောင်းချခဲ့ရာ ကုန်စင်အောင် ရောင်းချခဲ့ရပြီး ထီလက်မှတ် စာအုပ်ရောင်းရငွေမှာ ငွေကျပ်သန်းပေါင်း ၃၁၉၀၉ ဒသမ ဝ၂၀ ဖြစ်ရာ ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သန်းပေါင်း ၁၉၁၄၅ ဒသမ ၄၁၂ သန်းကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

(၈)ကြိမ်မြောက် ငွေကျပ် ၁၀ဝ၀ တန်ထီဖွင့်ပွဲတွင် ထီဆုငွေများကို အထူးဆုကြီးစနစ်မှ ငွေကျပ် သိန်းတစ်သောင်းငါးထောင် (၁)ဆု၊ ငွေကျပ် သိန်းတစ်သောင်း (၁)ဆု၊ ငွေကျပ် သိန်းငါးထောင် (၂)ဆု၊ ငွေကျပ် သိန်းနှစ်ထောင် (၅)ဆုနှင့် ငွေကျပ် သိန်းတစ်ထောင် (၇)ဆုတို့ကို ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ဆုတစ်ဆုချင်းစနစ်မှ ငွေကျပ်သိန်းငါးရာ၊ ငွေကျပ်သိန်းနှစ်ရာ၊ ငွေကျပ်သိန်းတစ်ရာ၊ ငွေကျပ်သိန်းငါးဆယ်၊ ငွေကျပ်သိန်းနှစ်ဆယ်နှင့် ငွေကျပ်ဆယ်သိန်းတို့ကို ခွဲဝေချီးမြှင့်မည်ဖြစ်ပြီး ဝေဝေဆာဆာပဒေသာ ဆုမဲများဖြစ်သည့် ငွေကျပ် သုံးသိန်း၊ ငွေကျပ် နှစ်သိန်း၊ ငွေကျပ် တစ်သိန်းနှင့် ငွေကျပ် ငါးသောင်းဆုမဲများကို အဆိုပါထီဖွင့်ပွဲမှ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

 

(၈)ကြိမ်မြောက် ငွေကျပ် ၁၀ဝ၀ တန် ထီဖွင့်ပွဲတွင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသည့် ဘဏ္ဍာသိမ်းဆုငွေ ငွေကျပ်သန်း ၂၅၀မှ ဆုမဲများကို ဆုတစ်ဆုချင်းဆုမဲများအနေဖြင့် ငွေကျပ်ဆယ်သိန်း(၄)ဆုနှင့် ဝေဝေဆာဆာဆုမဲများ အနေဖြင့် ငွေကျပ်သုံးသိန်း ၂ ယူနစ် ဆု (၂၀)၊ ငွေကျပ်နှစ်သိန်း ၂ ယူနစ် ဆု (၂၀ဝ)နှင့် ငွေကျပ်တစ်သိန်း ၂ ယူနစ် ဆု(၂၀ဝ၀)တို့ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထီပေါက်သည့် ကံထူးရှင်များအနက် ငွေကျပ်ဆယ်သိန်းနှင့်အထက် ကံထူးရှင်များအား ဆုငွေထုတ်ပေးခြင်းကို အောက်တိုဘာ ၂ ရက်မှစတင်၍ နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ကံထူးရှင်များအား ဆုငွေထုတ်ပေးခြင်းကို အောက်တိုဘာ ၁၁ ရက်မှစတင်၍ လက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

 

မောင်လူမော်