ကလေးမြို့တွင် ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ်ခွဲ ဖွင့်

ကလေး စက်တင်ဘာ     ၂၆

 

ဂုဏ်ထူးဆောင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၏ တတိယမြောက်ဘဏ်ခွဲဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ဘဏ်ခွဲကို စက်တင်ဘာ (၂၆) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ  ငွေလွှဲလုပ်ငန်းများ၊ ငွေသွင်း၊ငွေထုတ်လုပ်ငန်းများကို စတင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်းနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ 

 

8

 

ဂုဏ်ထူးဆောင် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ် (G-Bank) ကလေးမြို့ဘဏ်ခွဲ ဖွင့်လှစ်ပွဲသို့ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ ဌာနဆိုင်ရာများ စီးပွားရေးလုပ်ငန်းရှင်များ က ဘဏ်ဖွင့်ပွဲသို့ တက်ရောက် အားပေးခဲ့ကြသည် ။ အဆိုပါ  ဘဏ်ခွဲစတင်ဖွင့်လှစ်သည့် (၂၆.၉.၂၀၁၉) မှ (၃၀.၁၁.၂၀၁၉) ရက်နေ့ အတွင်း စာရင်းသေအပ်ငွေ (Fixed Deposit) ကို သက်တမ်းတစ်နှစ် အပ်နှံပါက အတိုးနှုန်း ၁၀.၂၅ ရာခိုင်နှုန်း ဖြင့် ရရှိမည်ဖြစ်ကြောင်း သိရသည် ။ 

 

ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ် ( G-Bank ) ၏ရည်ရွယ်ချက်များတွင် စီးပွားရေး လုပ်ငန်းငယ်များအား ချေးငွေထုတ်ယူခြင်း တောင်သူလယ်သမားများအား ချေးငွေထုတ်ယူခြင်း အစရှိသည့် ချေးငွေ ထုတ်ပေးခြင်းလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကူးသန်းရောင်းဝယ်ရေး ဘဏ်လိုင်စင်ရရှိထားပြီး အပ်ငွေလက်ခံခြင်းနှင့် ချေးငွေများထုတ်ယူခြင်းတို့ကိုလည်း နည်းစနစ်ကျကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည် ။ 

 

သျှင်နေမင်း (ဂန့်ဂေါ)