ပြင်ဦးလွင်     ၂၆    စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  စက်တင်ဘာ  ၂၅ ရက် မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက် ၊  Community  Centre  ခန်းမ၌ ကျင်းပပြုလုပ်ရာ   ခရိုင် / မြို့နယ် ပညာရေးမှူး ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်ဆိုင်ရာအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ ၊ သတင်းမီဒီယာများ နှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။

 

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ၊ဒေါ်တင်တင်ထွေး မှ ကလေးစာပေပွဲတော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်လင်းပြောကြားပြီး ခရိုင်ပညာရေးမှူးမှ ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်  ဆောက်ရွက်ရမည့် လုပ်ငန်းများရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး မှ ကလေးစာပေပွဲတော်တွင် ပါဝင်မည့်  ပြိုင်ပွဲများဖြစ်သည့် ပုံပြင်ပြောပြိုင်ပွဲ ၊ အိမ်ဆောက်ကစားခြင်း ၊ ဆေးရောင်ခြယ် ၊ အရုပ်ဆက် ၊ စကားပုံဆက် ၊ စာအုပ်ပြခန်းနှင့်  စာအုပ်အရောင်းဆိုင် ၊  အဖွဲ့အလိုက်ဖျော်ဖြေရေးများ စသည့် ပြိုင်ပွဲများတွင် မိမိတို့ပညာရေးဌာနဖြစ်သည့် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ မူကြိုကျောင်းများအား ယှဉ်ပြိုင်ရမည့် ခေါင်းစဉ်အလိုက် အသီးသီး တာဝန်ယူဆောင်ရွက်ရန် ရှင်လင်းပြောကြားခဲ့သည်။

 

ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေး မှ ဦးစီးကော်မတီ ၊ လုပ်ငန်းကော်မတီ ၊ ဆပ်ကော်မတီများ ဖွဲ့စည်းမည့် အခြေအနေ ပူးပေါင်းပါဝင်ရေးနှင့် ပြင်ဦးလွင်ခရိုင် ကလေးစာပေပွဲတော်ကို ၂၀၂၀   ခုနှစ်၊ ဇန်နဝါရီလအတွင်း ၊ ပြင်ဦးလွင်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

 

 

ဇော်မျိုးထိုက် ( ပြင်ဦးလွင်)