အင်းတော် ၁၇ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ကုန်းခါးကျေးရွာအုပ်စု နောင်ကွတ်ကျေးရွာ အခြေခံပညာ မူလွန်ကျောင်းလမ်းရှိ အဝင်တံတားဟောင်းနေရာကို ကျောက်ချောမြေသားလမ်းအဖြစ် ပြုပြင်ခင်းကျင်းရန် လိုအပ်ကြောင်း ဒေသခံရပ်မိရပ်ဖများက ပြောသည်။
"အခုဆောက်လုပ်ထားတဲ့ တံတားဟာ နှစ်ပေါင်း၂၅နှစ်ကျော်ခဲ့ပါပြီ။ လမ်းကလည်းကျဉ်းပါတယ်။ ဆိုင်ကယ်တစ်စီးတောင် မောင်းလို့မလွယ်ပါဘူး။ ကျောင်းသား ကျောင်းသူတွေ နေ့စဉ်အတက်အဆင်းအတွက် အခက်အခဲဖြစ်ရပါတယ်။ တံတားအရှည်၂၂၅ပေ အကျယ် ၃ပေ အနက်ဆုံးနေရာမှာ အမြင့် ၁၅ပေ ရှိတဲ့ သစ်သားတံတားကို ဆောက်လုပ်ခဲ့တာ နှစ်ပေါင်း၂၅နှစ်ကျော်ခဲ့ပြီဖြစ်လို့ ဒီတံတားကိုဖျက်ပြီး ကျောက်စီမြေသားလမ်းအဖြစ် ပြုပြင်ရန်လိုအပ်နေပါပြီ" ဟု နောင်ကွတ်ကျေးရွာ တာဝန်ခံဦးတင်ထွန်းက ပြောသည်။
အဆိုပါလမ်းသည် နောင်ကွတ်ကျေးရွာ မူလွန်ကျောင်းနှင့် ကျေးရွာလမ်းတို့ကို သီးခြားဆက်သွယ်ထားသော လမ်းဖြစ်ကြောင်း နေ့စဉ်ကျောင်းသားကျောင်းသူ ၁၀ဝ ကျော်တို့ သွားလာလျက်ရှိပြီး လျှိုမြောင် ကမ်းပါးလမ်းဖြစ်သည့်အတွက် သွားလာရေးအဆင်ပြေနိုင်စေရန် အဆိုပါသစ် သားတံးတားငယ်တစ်စင်းကို ဆောက်လုပ်ခဲ့ရခြင်းဖြစ်ကြောင်း ယခုအခါ ၎င်းတံတားဟောင်းကိုဖျက်ပြီး အကျယ် ၁၅ပေအရှည် ၂၂၅ပေရှိသော ကျောက်စီမြေသားလမ်းအဖြစ် ဖောက်လုပ်ရန် လိုလားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
နီတိုး


