မိုးနဲ ၁၇  စက်တင်ဘာ 


ရှမ်းပြည်နယ် တောင်ပိုင်း မိုးနဲမြို့နယ် လမ်းဦးစီးဌာနမှ ယာဉ်အန္တရာယ် ကင်းရှင်စေရေးအတွက် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်း မိုးနဲလမ်းပိုင်းတွင် ယာဉ်လမ်းညွှန် ဆိုင်းဘုတ်များ စိုက်ထူပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါလမ်းပိုင်းတွင် အကွေ့ ၊ ကုန်းဆင်း ၊ ကုန်းတက် ၊ လမ်းကျဉ်း ၊ တံတား ခံနိုင်ဝန် စသည့် လမ်းညွှန်အမှတ်အသား စုစုပေါင်း ၁၀ဝကျော်ကို ယာဉ်သွားယာဉ်လာ အဆင်ပြေလွယ်ကူစေရေးနှင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် တပ်ဆင်သွားမည်ဖြစ်ကြောင်း မိုးနဲ မြို့နယ်လမ်းဦးစီးဌာနမှူး ဦးမိုးလွင်၏ပြောကြားချက်အရ သိရသည်။


မျိုးညွန့်ရွှေ(မိုးနဲ)