ရန်ကုန် ၁၆ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရေးလုပ်ငန်းသတ်မှတ်ကာလ အချိန်မီပြီးစီးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်၊ တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေသည့် အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး၊ သတ်မှတ်ချိန်အမီပြီးစီးရေး၊ ဆန္ဒမဲပေးခွင့်ရှိသူများ မကျန်ရှိစေရေးနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအားစံငါးချက်နှင့် အညီအောင်မြင်စွာ ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ထားရှိကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရေး မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက အခြေခံမဲဆန္ဒရှင်စာရင်းပြုစုရာတွင် သတ်မှတ်ကာလအချိန်မီပြီးစီးရေး၊ အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်ရေးတို့အတွက် လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြပြီး၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်းစဉ်


