နေပြည်တော်  ၁၆  စက်တင်ဘာ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၂၁) ရက် မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပုသိမ်ကြီးမဲဆန္ဒနယ်မှ  ဦးသောင်းဌေးလင်း ၏ မိတ်ဆွေ (၁၆)ဦး၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ မိတ်ဆွေ (၁၂၀) စုစုပေါင်း (၁၃၆) ဦးတို့သည်  ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက် အအုံများ ကို လေ့လာကြည့်ရှုကြသည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်တွင်း ဧည့်သည် ၅၆၁၇၈ ဦးနှင့် ပြည်ပဧည့်သည် ၂၂၉၄ ဦး၊ စုစုပေါင်းဧည့်သည် ၅၈၄၇၂ ဦးရှိပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်သို့ လာရောက် လေ့လာလိုပါက ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စု လွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် တို့ထံလိပ်မူပြီး (၃) ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။

(သတင်းစဉ်)