ကောလင်း ၁၆ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့၌ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ဇာတိမာန်ခန်းမ၌ စက်တင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ ဦးဇော်ဝင်းက ကလေးသူငယ်များ၏ အခွင့်အရေးများ အပြည့်အဝ ရရှိရေးနှင့် ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ခေါင်းပုံဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်ရေးအတွက် ကလေးသူငယ်များ၏ ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ပိုမိုဆောင်ရွက်သွားနိုင်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် အမှာစကားပြောပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဉီးစီးမှူး ဒေါ်သဲအိဖြူက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဉပဒေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး ကောလင်းမြို့နယ်၌ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့သော မိသားစုဝင်များကို နှစ်သိမ့်ဆွေးနွေးပြီး ငွေကျပ် ၉၅၀ဝ၀ အား မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)


