နေပြည်တော် စက်တင်ဘာ ၁၆
ဒသမအကြိမ် မြန်မာ-ဗီယက်နမ် ကုန်သွယ်ရေးပူးတွဲကော်မတီ(JCT) အစည်း အဝေး၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(Senior Official Meeting-SOM)ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံအကြားကုန်သွယ်မှုတိုးမြှင့်ရေး နှင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာကိစ္စ၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ အကောက်ခွန်၊ လယ်ယာစိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ပို့ဆောင် ဆက်သွယ်ရေး၊ စားသုံးသူအကာအကွယ်ပေးရေး၊ ဘဏ်လုပ်ငန်းနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ နှစ်ဘက် တာဝန်ရှိကိုယ်စားလှယ်များက ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန အာရှနှင့်အာဖရိကဈေးကွက်ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် Mr. Nguyen Phuc Nam နှင့် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ဒသမအကြိမ် မြန်မာ-ဗီယက်နမ်ကုန်သွယ်ရေးပူးတွဲကော်မတီ(JCT)အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


