မန္တလေး ၁၆ စက်တင်ဘာ 

 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ဆယ်ကျော်သက်လူငယ်များ ဖွံ့ဖြိုးရေးအဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများရှိ ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီခွဲက အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊အကွက်(၅၂)၊၇၃လမ်း၊၁၀လမ်းနှင့်၁၂လမ်းကြားရှိလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊မန္တလေးပြန်လည်ထူထောင်ရေးစခန်း၊အစည်းအဝေးခန်းမတွင်ကျင်းပသည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှဝန်ကြီး ဦးမျိုးသစ်ကအဖွင့်အမှာစကား ပြောကြားပြီးပြန်လည်ထူထောင်ရေးဦးစီးဌာနမှမူးယစ်လူကုန်ကူးဌာနခွဲညွှန်ကြားရေးမှူးဦးခင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ဆယ်ကျော်သက်လူငယ်များဖွံ့ဖြိုးရေးအဖွဲ့မှ နည်းပညာအကြံပေးအရာရှိ ဒေါက်တာယုယုအောင်က သင်တန်းတွင် သင်ကြားပို့ချမည့်ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကြသည်။

 

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦး၊မန္တလေးတိုင်းဒေသကြီးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှမူးယစ်လူကုန်ကူးဌာနခွဲညွှန်ကြားရေးမှူးဦးခင်ထွန်း၊အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်အောင်၊မန္တလေးလူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးနေအောင်ကျော်၊ မန္တလေးပြန်လည်ထူထောင်ရေးစခန်းမန်နေဂျာ ဦးညွန့်မြိုင်၊ ဆယ်ကျော်သက်လူငယ်များဖွံ့ဖြိုးရေးအဖွဲ့ မှ နည်းပညာအကြံပေးအရာရှိ ဒေါက်တာယုယုအောင်နှင့် အဖွဲ့ဝင်များ၊တိုင်းနှင့်ပြည်နယ်မှ ပြန်လည်ထူထောင်ရေးစခန်းများရှိ ဝန်ထမ်းသင်တန်းသား (၃၅)ဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။

 

အဆိုပါ သင်တန်းအား စက်တင်ဘာလ (၁၆) ရက်နေ့မှ စက်တင်ဘာလ (၁၉) ရက်နေ့ထိ (၄)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်လင်းဦး(အောင်စံ)