ဂန့်ဂေါ ၁၅ စက်တင်ဘာ
ဂန့်ဂေါခရိုင် စီမံကိန်းဦးစီးရုံး မြေနေရာအဖြစ် အသုံးပြုရာတွင် ပါဝင်သော လယ်ယာမြေများအတွက် လျော်ကြေးငွေ ပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီက ခရိုင်စီမံကိန်းဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက အမှာစကား ပြောကြားကာ မကွေးတိုင်းဒေသကြီး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးကိုက မြေယာလျော်ကြေးငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် လယ်မြေ (ဝ ဒသမ ၁၈) ဧကနှင့် ယာမြေ (ဝ ဒသမ ၇၄) ဧက တို့အတွက် စုစုပေါင်း ငွေကျပ် ၁၄၇၀ဝ၀ဝ ကို တောင်သူ လေးဦးတို့ထံ ပေးအပ်ကြသည်။
ထိုသို့ပေးအပ်ရာတွင် လယ်တစ်ဧကအတွက် လျော်ကြေးငွေကျပ် သိန်း ၂၀ နှုန်းနှင့် ယာတစ်ဧကအတွက် လျော်ကြေးငွေကျပ် ၁၅ သိန်းနှုန်းဖြစ်ကြောင်း သိရသည်။
(ခရိုင်/ပြန်ဆက်)


