မန္တလေး     ၁၂    စက်တင်ဘာ 


မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေတိုက် ၅ တိုက်တို့ ပူးပေါင်း၍ စာအုပ်စာစောင် ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပသည်။

 

1

 


တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုး၊ ပြည်ကြီးတံခွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလရော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့် မဟာအောင်မြေစာရေးဆရာများ အသင်းဥက္ကဌ ဒေါ်ခင်ခင်ဝင်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စာရေးဆရာမများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စာအုပ် စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် ပွဲတော်ကို စက်တင်ဘာလ ၁၂ ရက်မှ ၁၆ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


တင်ဇာလှိုင် (ပြန်/ဆက်)