ပန်ဆိုင်း ၉ စက်တင်ဘာ
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့အဝင်ရေထွက်ဦးတောအနီးတွင် ယနေ့နံနက်(၁၀)နာရီအချိန်ခန့်တွင် မြို့စည်ပင်သာယာရေး အလုပ်သမားဦးထွန်းမှ ချုံနွယ်များ ခုတ်ထွင်းရှင်းလင်းနေစဉ် ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးသီးဟောင်းတစ်လုံးအား တာဝန်ရှိသူများက သွားရောက်စစ်ခဲ့ရာ တိုက်မိုင်းဗုံးသီးဟောင်း တစ်လုံးဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့က ပန်ဆိုင်း(ကြူကုတ်)မြို့သို့ ဝင်ရောက်တိုက်ခိုက်စဉ် ပေါက်ကွဲခြင်းမရှိဘဲ ကျန်ရစ်ခဲ့သော ဗုံးသီးတစ်လုံးဖြစ်ကြောင်း သိရသည်။ အစိတ်(၆၀)ရှိ တိုက်မိုင်းဗုံးသီးဟောင်းမှာ သံခြေးတက်ဆွေးမြေ့နေပြီဖြစ်ပြီး တာဝန်ရှိသူများက သက်မဲ့ပြုလုပ်ကာ မြေမြုပ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


