ကျွန်းစု ၉ စက်တင်ဘာ
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို မြို့နယ်အဆင့် ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးမှကြီးမှူး၍ စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ပြိုင်ပွဲကို “လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းတို့ကာကွယ်” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်၊ ကျောင်းသား၊ ကျောင်းသူ ပြိုင်ပွဲဝင်(၂၈)ဦး၊ ကဗျာပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၆)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၃၂)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၇၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုမှုများအား မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ကျွန်းစု(ပြန်/ဆက်)


