မန္တလေး ၉ စက်တင်ဘာ

မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးပြီး  မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအား  မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် မဲစာရင်းရေးသွင်းခြင်း Soft Ware သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင်ရုံး  လူထုအခြေပြုဗဟိုဌာန Community Centre ၊ Computer သင်တန်းခန်းမတွင် စက်တင်ဘာလ (၉)ရက် နံနက် (၉)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

 

8128

 

အဆိုပါ မဲဆန္ဒရှင် စာရင်းပြုစုခြင်းသင်တန်းဖွင့်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးကျော်သန်းက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက လူထုအခြေပြုဗဟိုဌာန Community Centre တွင် သင်တန်းများ ဖွင့်လှစ်နေ မှုများနှင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော တာဝန်ရှိသူများသည် သင်တန်းသားများအား သင်ကြားပြသနေမှုကို ကြည့်ရှုကြသည်။

 

8131

 

ပြည်ကြီးတံခွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ အဖွဲ့ဝင် (၃၀)ဦးတို့အား စက်တင်ဘာလ (၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ မနက်ပိုင်းတွင် (၁၅)ဦး ညနေပိုင်းတွင် (၁၅)ဦးတို့ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။    

(ထွန်းထွန်းနိုင်)