ကျောက်မဲ ၆ စက်တင်ဘာ
ကျောက်မဲမြို့နယ်၌ ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာလ ၆ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းရည်လှိုင်ဦးက ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းလုပ်ငန်းကို ကျောက်မဲမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၊ ကျေးလက်ကျန်းမာရေးဌာနများတွင် စုရပ်ထား၍ ကာကွယ်ဆေးတိုက်အဖွဲ့ ၆၇ ဖွဲ့မှ မွေးကင်းစမှ အသက် ၅ နှစ်အောက်ကလေး ၁၃၅၇၆ ဦးခန့်ကို စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကာကွယ်ဆေး တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


