ကျိုက်ဒုံ ၆ စက်တင်ဘာ 


အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်လင်းနိုင်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အသင်းအား ဦးဆောင်ဆွေးနွေးပေးခဲ့သည်။


ဆွေးနွေးပွဲတွင် ဒို့ကျေးရွာစာစောင်မှ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ၊ စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို စတင်ဆွေးနွေးပြီး တက်ရောက်လာသည့် (Book Club)အသင်းမှ စိုက်ပျိုးရေးနဲ့ ရာသီဥတုဖောက်ပြန်မှု၊ ကျန်းမာသောပတ်ဝန်းကျင်ကို တည်ဆောက်စသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည့်များကို စာကြည့်တိုက်မှူးက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သန်းထွန်းနိုင် (ပြန်/ဆက်)