မြောက်ဦး  ၅   စက်တင်ဘာ 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်နှင့် တတ်မြောက်လာသော ပညာရပ်များဖြင့် မိမိတို့မိသားစုတပိုင်တနိုင်ဝင် ငွေများ တိုးပွားစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပြသလျက်ရှိသော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးအခြေခံလက်မှုပညာသင်တန်းကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဟောင်းရှိ အစည်းအဝေးခန်းမ၌ ပြသလျက်ရှိကြောင်း သိရသည်။ 

သင်တန်းတွင် ဝါးအခြေခံလက်မှု ပညာရပ်များဖြစ်သည့် လက်ကိုင်အိတ်၊ တစ်ရှူးဗူး၊ ဘောပင်ထည့်ခြင်း၊ ဓါတ်ပုံထည့်အယ်လ်ဘန်၊ လူသုံးပစ္စည်းဆွဲခြင်း အမျိုးမျိုးအစရှိသည့် ဝါးလက်မှုပညာများအား သင်ကြားပြသလျက်ရှိရာ ယခုဆိုလျှင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဝါး လက်မှုပညာရပ်ငါးမျိုးကို တတ်မြောက်နေပြီဖြစ်ကြောင်းနှင့် ယနေ့တွင်တစ်ရှူးဘူးပြုလုပ်နည်းအား ဆက်လက်သင်ကြားလျက်ရှိကြောင်း သင်တန်းနည်းပြဆရာမ ဒေါ်မိုးမိုးသိန်းက ပြောကြားသည်။

အဆိုပါသင်တန်းကို ပုဏ္ဏားကျွန်းမြို့နယ်မှ သင်တန်းဆရာမဒေါ်မနုချေဦးဆောင်ကာ သင် တန်းနည်းပြဆရာ ၃ ဦးက သြဂုတ်လ ၂၈ ရက်နေ့မှစတင်၍ စာတွေ့၊ လက်တွေ့သင်ကြားပြသ ပေးလျှက်ရှိနေပြီး အနီးအနားကျေးရွာ ၂၀ မှ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတို့မှ စိတ်ပါဝင်စားစွာဖြင့် တက်ရောက်သင်ယူလျက်ရှိကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။

MDN

 

mdn