ကရသူရိ   ၅   စက်တင်ဘာ 


ကျောင်းသား/ကျောင်းသူများနှင့် စာဖတ်ကလေးငယ်များအား လက်မှုပညာရပ် တစ်ခုဖြစ်သော ပန်းအလှဆင်ခြင်းနှင့် ရောင်စုံမီးပုံးများ ပြုလုပ်နည်း သင်ကြားပြသပေးခြင်းကို ယမန်နေ့ ညနေ ၃    နာရီခွဲက ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေး စာဖတ်ခန်း၌ ပြုလုပ်သည်။


ပန်းအလှဆင် ပြုလုပ်နည်း သင်ကြားခြင်းကို မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးအေးသန်းက ရောင်စုံစက္ကူများဖြင့် လှပသပ်ရပ်သော ပန်းဒီဇိုင်းအမျိုးမျိုး ပုံဖော်ပြုလုပ်ခြင်းကို စနစ်တကျ သင်ကြားခဲ့ပြီး၊ စာထောက်-၃ ဒေါ်သင်းသင်းမော်က မီးပုံမျိုးစုံ ပြုလုပ်နည်းများကို သင်ကြားပြသရာ ကျောင်းသား/ကျောင်းသူများနှင့် စာဖတ်ကလေးငယ်များမှ စိတ်ဝင်တစားသင်ယူခဲ့ကြကြောင်း အဆိုပါ လက်မှုပညာရပ်သည် ကလေးများ၏ စိတ်ဓာတ်အင်အားကို နူးညံ့သိမ့်မွေ့စေပြီး စာကြည့်တိုက်နှင့် အမြဲထိတွေ့နိုင်ရန်အတွက် စာပေအသိပညာများ သာမက လက်တွေ့ဗဟုသုတပညာများ စဉ်ဆက်မပြတ်လုပ်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။


စိုးဝင်း(ပြန်/ဆက်)