ကျွန်းလှ ၅  စက်တင်ဘာ


စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် သက္ကယ်ကျင်းကျေးရွာအုပ်စု ဝေလမူ-သက္ကယ်ကျင်းကျေးရွာကြားရှိ မိုင်းဝန်းတံတား ချောင်းရေတိုက်စားမှု ကာကွယ်ရေးအတွက် စက်တင်ဘာ ၄ ရက်က ရေခွဲတိုင်များ စိုက်ထူခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ချောင်းကူးတံတားသည် အရှည် ၄၃၇၊ အကျယ် ၁၀ ပေရှိ သံဘောင်ယက်မ/သစ်သားခင်း အမျိုးအစားဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များ၏ လှူဒါန်းမှု၊ ဒေသပြည်သူများ၏ လုပ်အားတို့ဖြင့် ငွေကျပ် သိန်း ၈၀ဝ ကုန်ကျခံ တည်ဆောင်ခဲ့ခြင်းဖြစ်ကာ တံတားရေရှည် အသုံးပြုနိုင်ရန် ရေခွဲတိုင်များ စိုက်ထူခြင်းဖြစ်ကြောင်း သက္ကယ်ကျင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းကိုက ပြောသည်။


အဆိုပါ မိုင်းဝန်းတံတားကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျေးရွာပေါင်း (၂၀)ကျော်မှ ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။


မျိုးဝင်းညို(ကျွန်းလှ)