ပုသိမ်  ၅  စက်တင်ဘာ


ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရိုင် ၆ ခုတွင် ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါးစိုက်ရာသီ၌ ဩဂုတ် ၃၁ နေ့ထိ မိုးစပါးစိုက်ဧက ၃၆၃၃၆၇၈ စိုက်ပျိုးပြီးစီနေပြီဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


တိုင်းဒေသကြီးအတွင်း ခရိုင် ၆ ခု စိုက်ပျိုးပြီးစီးမှုမှာ ပုသိမ်ခရိုင်တွင် ၇၄၀၄၁၇ ဧက၊ ဟင်္သာတခရိုင်တွင် ၅၂၉၉၆၄ ဧက၊ မြောင်းမြခရိုင်တွင် ၅၂၁၉၆၄ ဧက၊ လပွတ္တာခရိုင်တွင် ၅၈၈၅၈၀ ဧက၊ မအူပင်ခရိုင်တွင် ၃၈၄၃၆၁ ဧကနှင့် ဖျာပုံခရိုင်တွင် ၈၆၈၃၉၂ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်သည်။


စိုက်ပျိုးပြီးဧကများထဲတွင် စိုက်ခင်း ၁၂၉၁၉၁၅ ဧက၊ ကြဲခင်း ၂၃၄၀၈၆၉ ဧကနှင့် အစေ့ချ  ၈၉၄ ဧကတို့ဖြစ်ပြီး ယခင်နှစ် ယခုလိုကာလတွင် ၃၆၁၀၅၆၇ ဧကစိုက်ပျိုးနိုင်သော်လည်း ယခုနှစ်တွင် ၃၆၃၃၆၇၈ စိုက်ပျိုးနိုင်သည့်အတွက် ယခင်နှစ်က ထက် ၂၃၁၁၁ ဧက ပိုပြီးစိုက်ပျိုးနိုင်ကာ ဆက်လက်စိုက်ပျိုး လျက်ရှိကြောင်းလည်း သိရသည်။


တိုင်းဒေသကြီးအစိုးရသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်စုံထောင့်စုံ ကဏ္ဍစုံမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြေဆီလွှာများ ဓာတ်ခွဲစမ်းသပ်လေ့လာခြင်း၊ စံပြဧကကွက်များ ဖော်ထုတ်ခြင်း၊ အထွက်တိုး မျိုးကောင်း မျိုးသန့်များ ဖြန့်ဝေခြင်း၊ လယ်ယာဝန်ဆောင်မှုစင်တာများ တည်ထောင်ခြင်း၊ လက်မှုလယ်ယာမှ စနစ်ကျ စက်မှုလယ်ယာစနစ်သို့ ပြောင်လဲခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆောင်ရွက်လျက်ရှိရာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။


မောင်မောင်မြင့်(ပြန်/ဆက်)