ပဲခူး ၅ စက်တင်ဘာ
ပဲခူးခရိုင်၊မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးနှင့် အန္တရာယ်ကင်းဝေးစေရေးအတွက် စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ပဲခူးခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်သုံးဆီ အရောင်းဆိုင်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပဲခူးခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းသူဟန်က စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေး ဆောင်ရန် ရှောင်ရန် အချက်များနှင့် ကာကွယ်တားဆီးရမည့် အချက်များကို ဆွေးနွေးပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ တိုင်းရေနံရောင်းဝယ်ရေးလုပ်ငန်းမှ ဒုတိုင်းရောင်းဝယ်ရေးအရာရှိ ဦးချိုဝင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအုန်းလွင်နှင့် ပဲခူးမြို့အတွင်းရှိစက်သုံးဆီဆိုင်ဆိုင်များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီးအတွင်း တရားဝင်လိုင်စင်ရ စက်သုံးဆီ အရောင်းဆိုင်(၂၅၆)ဆိုင်ရှိကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)


