လွိုင်ကော် ၁ စက်တင်ဘာ
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာ ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အထက(၁)ကျောင်းနှင့် အလက(၂)ကျောင်းတို့၌ “လူကုန်ကူးမှု အန္တရာယ် ဝိုင်းဝန်းပူးပေါင်း တို့ကာကွယ်” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲများသို့ အထက(၁)ကျောင်းတွင် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့မှ ကျောင်းသား ကျောင်းသူ(၁၉၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အလက(၂)ကျောင်းတွင် စာစီစာကုံးပြိုင်ပွဲ အထက်တန်းအဆင့်နှင့် အလယ်တန်း အဆင့်တို့မှ ကျောင်းသား ကျောင်းသူ (၁၃၃)ဦး၊ ကဗျာပြိုင်ပွဲ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့မှ ကျောင်းသား ကျောင်းသူ (၃၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကျင်းပရာ ကျောင်းများသို့ ကယားပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကလှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
လွိုင်ကော်သား


