ကျောက်ကြီး  ၁  စက်တင်ဘာ

ပဲခူးတိုင်းဒသကြီး ကျောက်ကြီးမြို့၌ (၁၃၁)ကြိမ်မြောက် ရှင်ဥပဂုတ္တ မီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်မှ စတင်၍ ၉ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

430

 

အဆိုပါ ပွဲတော်သည် ကျောက်ကြီးမြို့နယ်၏ အစဉ်လာကြီးမားသော ဘာသာရေးပွဲတော်ကြီး ဖြစ်သည့်အပြင် ဒေသခံပြည်သူများ များစွာစိတ်ဝင်စားကြကာ တောင်သူလယ်သမားများ၏ ထွန်တုံးပိတ်ပွဲ အမွှမ်းတင်သည့် ပွဲတော်တစ်ခု လည်းဖြစ်ပြီး ပွဲတော်တွင် လှေလှော်အသင်း (၁၀ဝ)ကျော်ဖြင့် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

 

813

 

မြို့လယ်ချောင်းအတွင်း၌လည်း အမျိုးသား(၅)တက်၊ အမျိုးသမီး(၇)တက်၊ အမျိုးသား ချောတိုင်တက်ပွဲ၊ ပုံနားယိမ်း၊ အမျိုးသမီး တက်ခုတ်ယိမ်းနှင့် မြို့နယ်အားကစားကွင်း၌ ကျေးရွာအုပ်စုများမှ ဘောလုံး အသင်းပေါင်း (၂၈)သင်း ပါဝင်ယှဉ်ပြိုင်ကျမည် ဖြစ်သည်။

 

7564

 

ညပိုင်းတွင် ရှင်ဥပဂုတ္တ ရဟန္တာမြတ်အား မီးမျှောပူဇော်ကြပြီး ဖျော်ဖြေမှုအနေနှင့် အငြိမ့်ဇာတ်ပွဲများ ထည့်သွင်းထားပြီး ကော်မတီ(၇)ခုဖြင့် ဖွဲ့စည်းကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။

သားကြီး(ကျောက်ကြီး)