ရွှေတောင်   ၁  စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် သြဂုတ် ၃၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကြာနီကန်ရပ်ကွက်နှင့် မင်းကွန်းကျေးရွာ အုပ်စုအတွင်းရှိ အိမ်ထောင်စု(၆၁)စုတွင် ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းမှုဖြစ်ပွားကာ ကြာနီကန်ရပ်ကွက် အတွင်းရှိ အိမ်ထောင်စု(၄၄)စု၊ လူဦးရေ(၁၈၁)နှင့် မင်းကွန်းကျေးရွာအုပ်စု အတွင်းရှိ အိမ်ထောင်စု(၁၇)စု လူဦးရေ(၇၆)ဦး စုစုပေါင်း လူဦးရေ (၂၅၇)ဦး၊ အိမ်ထောင်စု (၆၁)စုတို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သတ်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သတ်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ယာယီပြောင်းရွှေ့နေထိုင်ရန် လိုအပ်သူများကို ပြောင်းရွှေ့နေထိုင်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကိုကိုမင်း(ပြန်/ဆက်)