နေပြည်တော် ၁ စက်တင်ဘာ
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ဩဂုတ် ၃၀ ရက် ညနေ ၅ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝ ဘေးအန္တရာယ်ခံခဲ့ရသည့် နေအိမ်များအား နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ဩဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက တောက်ပံ့ပေးအပ်ခဲ့ကြောင့် သိရသည်။
ထို့သို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ရာတွင် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုး၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပျဉ်းမနားမြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်ကြောင့် နေအိမ်များပြိုလဲခြင်းနှင့် အမိုးအကာများ ပျက်စီးခဲ့သည့် ဇီးဖြူပင် ကျေးရွာအုပ်စု၊ သစ်စိမ့်ပင်ကျေးရွာမှ နေအိမ်(၁၃)လုံးအတွက် ထောက်ပံ့ပစ္စည်းများနှင့် ငွေကျပ် (၅၆၁၁၀ဝ)၊ ကူးတို့ဆိပ်ကျေးရွာမှ နေအိမ်(၁၄)လုံးအတွက် ထောက်ပံ့ပစ္စည်းနှင့် ငွေကျပ် (၇၉၂၉၀ဝ)၊ ပြူးတွင်းကျေးရွာမှ လူနေအိမ်(၅)လုံးအတွက် ထောက်ပံ့ပစ္စည်းနှင့် ငွေငွေ (၉၃၉၀ဝ)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


