နေပြည်တော် ၁ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း ဩဂုတ် ၃၁ ရက်က ညနေ ၅ နာရီက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၃)ရပ်ကွက်၊ (၄)ရပ်ကွက်၊ (၅)ရပ်ကွက်များရှိ နေအိမ်များ ရေဝင်ရောက်ခြင်းနှင့် တောင်လည်အုပ်စု၊ ညောင်းဝန်ကျေးရွာတွင် သံဗေလီတံတား မျောပါခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် နေအိမ် (၆)လုံးပြိုလဲ၊ နေအိမ်(၁၁)လုံး ရေမျောပါမှုများ ဖြစ်ပွားခဲ့သဖြင့် ပေါက်ခေါင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
MDN
Credit; မီးသတ်ဦးစီးဌာန


